လူငယ်​ဆန်​တဲ့ ဖက်​ရှင်​​လေးနဲ့ ​လန်း​နေတဲ့ မိုးမြင့်​သဇင်​ရဲ့ ပုံရိပ်​​တွေ

ကျစ်​လျစ်​ကြံ့ခိုင်​တဲ့ ​ခန္ဓာကိုယ်​​ကောက်​​ကြောင်းအလှကို ပိုင်​ဆိုင်​ထားတဲ့ အလန်းစား ​မော်​​ဒယ်​မ​လေး မိုးမြင့်​သဇင်​က​တော့ အမြဲလိုလို သူမရဲ့အလှတရား​တွေကို ယုံကြည်​မှုရှိစွာ ချပြတတ်​သူတစ်​ဦးပါ။ အကယ်​ဒမီဗန်းကိုင်​တစ်​ဦးအ​နေနဲ့ အနုပညာအလုပ်​​တွေစတင်​လုပ်​ကိုင်​ခဲ့တဲ့ မိုးမြင့်​သဇင်​က​တော့ အနုပညာအလုပ်​​တွေကို နှစ်​အ​တော်​ကြာ အနားယူထားပြီး လက်​ရှိမှာ​တော့ ဆက်​တိုက်​ ပြန်​လည်​လုပ်​ကိုင်​​နေတာ ​တွေ့ရပါတယ်​။ လတ်​တ​လောမှာ​တော့ မိုးမြင့်​သဇင်​က ​ပေါ့​ပေါ့ပါးပါး ဖက်​ရှင်​​လေးနဲ့ ​ဂေါ်​နေတဲ့ သူမရဲ့ပုံရိပ်​​တွေကို လူမှုကွန်​ယက်​​ပေါ်မှာတင်​ထားတာ ​တွေ့ရပါတယ်​။ အမိုက်​စားအိုက်​တင်​​တွေနဲ့ ​ဂေါ်​နေတဲ့ မိုးမြင့်​သဇင်​ရဲ့ ပုံရိပ်​​တွေက အရမ်းကိုလန်း​နေတာပါ​နော်​။ မိုးမြင့်​သဇင်​က​တော့ သူမရဲ့အလှပုံရိပ်​​တွေနဲ့အတူ “တိုတောင်းလွန်းတဲ့ လူဘဝ မှာ ချစ်ချင်းမေတ္တာတွေ နဲ့ ပဲ ရှင်သန်ချင်တယ်u တို့ ရော ” ဆိုပြီး ချစ်​စရာ​ကောင်း​အောင်​ ​ရေးသားထားတာပါ။ ​မော်​ဒယ်​တစ်​ဦးအ​နေနဲ့​ရော သရုပ်​​ဆောင်​တစ်​ဦးအ​နေနဲ့ပါ ရပ်​တည်​​နေတဲ့ မိုးမြင့်​သဇင်​က​တော့ လတ်​တ​လောမှာ ဇာတ်​ကား​တွေလည်း ရိုက်​ကူးရင်း […]

Continue Reading

ယောက်ျားယူချင်စိတ် မရှိတော့ဘူးဆိုတဲ့ ထက်ထက်ထွန်း

စည်ပင်ကိုယ်စားလှယ်လောင်း အလှမယ် ထက်ထက်ထွန်းကတော့ ရွေးကောက်ပွဲ မနိုင်တဲ့အတွက် အနုပညာလှုပ်ရှားမှုတွေပဲ ပြန်လုပ်နေပါတယ်။ ထက်ထက်ထွန်းရဲ့ ချစ်သူက အနုပညာလောကထဲက ဖြစ်ပြီး သူ့ထက် အသက်ပိုကြီးတယ်လို့လည်း သိရပါတယ်။ မွေးစားထားတဲ့ ကလေးတွေက ပညာတတ်ဘွဲ့ရဖြစ်နေပြီး သူတို့လေးတွေအတွက် ကြိုးစားနေရလို့ အိမ်ထောင်မပြုချင်တဲ့အကြောင်း ထက်ထက်ထွန်းက ခုလို ပြောသွားပါတယ်။ “ထက်မိသားစုရော ကိုယ်မမွေးထားတဲ့ ဝမ်းမနာ သားသမီးတွေအတွက်ပဲ ကြိုးစားနေရတာပါ။ ကိုယ်တိုင်ထူထောင်ထားတဲ့ မိသားစု ဘဝလေးကို လိုချင်တယ်လို့ စိတ်ကူးပေမဲ့ အခုအချိန်မှာ ပညာတတ်ပြီးသား ဘွဲ့ရပြီးသား ကလေးတွေက အဆင်သင့်ရနေတော့ ထပ်မမွေးချင်တော့ဘူးလို့ ခံစားရတယ်။ ကလေးမွေးချင်စိတ်မရှိသလို ယောက်ျားယူချင်စိတ်လည်း မရှိတော့ဘူး။ ယောက်ျားမယူချင်ဘူး ပြောတော့ ချစ်သူက ရူးနေလားတဲ့။” ဆိုပြီး ပြောပြသွားပါတယ်။ ငါ အစွဲတွေကို ချွတ်ပစ်ချင်တဲ့အကြောင်းလည်း ထက်ထက်ထွန်းက ခုလို ပြောသွားပါတယ်။ […]

Continue Reading

အသည်းကွဲရင်းနဲ့ဒွန့်တော့ခံသာတာပေါ့ဆိုတဲ့ ဖြူဖြူကျော်သိန်း

ဖြူဖြူကျော်သိန်းဟာဆိုရင် အောင်မြင်မှုကိုနှစ်အရှည်ကြာဆုံးထိန်းထားနိုင်တဲ့ အနုပညာရှင်တွေထဲမှာတစ်ဦးအပါအဝင်ဖြစ်ပြီး တစ်နိုင်ငံလုံးကပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကိုရရှိထားတဲ့ အဆိုတော်တစ်ဦးလည်းဖြစ်ပါတယ်။ ဖြူဖြူက မကြာသေးမီက မီဒီယာတွေနဲ့အင်တာဗျူးမှာ လက်ရှိအနုပညာလှုပ်ရှားမှုတွေအကြောင်းနဲ့ rave ရတာကြိုက်တယ်လို့လည်းပြောသွားခဲ့ပါသေးတယ်။ ဖြူဖြူက ဒွန့်ရတဲ့ music တွေကိုကြိုက်တယ်လို့ “ပျော်လို့ ဒွန့်ရတာကိုသဘောကျလာတာ။အမှန်တော့ ဒီ music ကလေ အလိုလိုနေရင်းကိုလွင့်မြောက်ကြွတက်ပြီးတော့ ပျော်စရာကောင်းတဲ့ music လေ။ အဲဒီထဲမှာ အဲ့လို positive ဖြစ်တဲ့စာသားလေးတွေကိုထည့်နိုင်ရင်ပိုပြီး အဆင်ပြေတယ်။ ကိုယ့်ရဲ့သီချင်းဟောင်းသီချင်းကောင်းလေးတွေကို ဒီလိုမျိုး remix နဲ့ပြောင်းလိုက်တော့ ပရိသတ်တွေလည်းသူတို့ရပြီးသားသီချင်းလေးတွေဆိုရင် ပိုပြီးတော့လွင့်လို့ကောင်းတာပေါ့နော်”လို့ ပြောပြထားပါတယ်။ Rock and Rave သီချင်းလေးတွေကိုကြိုက်တဲ့အကြောင်းနဲ့အသည်းကွဲရင်း rave ရင်ပိုပြီးတော့ ခံသာတယ်လို့လည်း ဖြူဖြူက “အခုနောက်ပိုင်းကတော့ Rave ဖြစ်နေတယ်။ ပွဲတွေမှာဆိုရင်တော့ Rock လည်း rock တယ်။ Rave လည်း Rave […]

Continue Reading

မင်္ဂလာသတင်းက လောလောဆယ်မှာ စောင့်ရဦးမယ်ဆိုတဲ့ နေတိုး

လက်ရှိအချိန်မှာ မြန်မာနိုင်ငံရဲ့ အအောင်မြင်ဆုံးမင်းသားတစ်လတ်ဖြစ်သလို ပရိသတ်အားပေးမှု အများအပြားရရှိနေတာ နိုင်ငံကျော် ထိပ်တန်းမင်းသားတစ်ယောက်ဖြစ်တဲ့ နေတိုးကတော့ ပရိသတ်တွေက သူ့ရဲ့ အချေစ်ရေး နှလုံးသားကိစ္စကို အရမ်းစိတ်ဝင်စားကြတယ်ဆိုတာကို နားလည်တယ်လို့ ပြောသွားခဲ့ပါတယ်။ အချစ်ရေးနဲ့ ပတ်သက်ပြီး နေတိုးက “တစ်ယောက်နဲ့တစ်ယောက်ကတော့ မတူဘူးပေါ့နော်။ မင်္ဂလာသတင်းကတော့ လောလောဆယ်မှာတော့ ကျွန်တော့်အနေနဲ့ တိတိကျကျပေါ့နော် ပရိသတ်ကို ဖွင့်ဟဖို့အတွက်ကတော့ အချိန်အခါတစ်ခုကတော့ ထပ်စောင့်ရမယ်ပေါ့။ဆိုတော့ ပရိသတ်တွေ ကြားချင်တဲ့ သတင်းတွေကတော့ ကြားဖို့အချိန်တစ်ခု ရောက်လာတဲ့အချိန်မှာတော့ ကြားရမယ်လို့။ ကြားရမှာပါ။ ဒါကြောင့်မို့လို့လည်း ကျွန်တော့်အနေနဲ့လည်း ဒီအနုပညာနဲ့ ပတ်သက်ပြီးတော့ အလုပ်လုပ်နေတဲ့ အချိန်မျိုးမှာ ကိုယ့်ရဲ့ ဘဝဖြတ်သန်းမှုအရ ကိုယ့်ရဲ့ အချိန်အခါတစ်ခုအပေါ်မှာ နှလုံးသားရေးရာနဲ့ ပတ်သက်ပြီးတော့ အခုလိုပဲ ကျွန်တော့်ကို စိတ်ဝင်စားကြတယ် သိချင်ကြတဲ့ အပေါ်မှာလည်း နားလည်ပါတယ်။ ပရိသတ်ကို တိကျသေချာတဲ့ […]

Continue Reading

မိဘတွေက အချစ်ရေးကိုလွတ်လပ်ခွင့်ပေးထားတယ်ဆိုတဲ့ ယွန်းယွန်း

ယွန်းယွန်းဟာဆိုရင် ငယ်ငယ်ရွယ်ရွယ်နဲ့ အကယ်ဒမီဆုကြီးပိုင်ဆိုင်ထားတဲ့ အရည်အချင်းရှိမင်းသမီးလေးတစ်ယောက်ဖြစ်သလို ကလေးသရုပ်ဆောင်ဘဝကတည်းက အခုအချိန်ထိ ပရိသတ်တွေရှေ့မှောက်မှာကြီးပြင်းလာခဲ့ပြီး တစ်နိုင်ငံလုံးကသည်းသည်းလှုပ်ချစ်ရတဲ့ မင်းသမီးလေးလည်ဖြစ်ပါတယ်။ မကြာသေးမီက ယွန်းယွန်းနဲ့ပတ်သက်တဲ့အချစ်ရေးကောလဟလတွေထွက်လာခဲ့ပြီး ပရိသတ်တွေက လှုပ်လှုပ်ရှားရှားဖြစ်သွားကြရပါတယ်။ အဲဒီကိစ္စတွေနဲ့ပတ်သက်ပြီး ယွန်းယွန်းက မီဒီယာတွေနဲ့အင်တာဗျူးမှာရှင်းပြလာခဲ့ပါတယ်။ ယွန်းယွန်းက လက်တလောထွက်နေတဲ့ အချစ်ရေးကောလဟလတွေနဲ့ပတ်သက်ပြီး “ညီမက ဒီအရွယ်မှာ ဒီလိုမျိုး Dating News တွေထွက်မယ်ဆိုတာ အဲဒါကြီးကို ထွေထွေထူးထူးမခံစားတော့ဘူးပေါ့နော်။ ဒါက ဖြစ်လေ့ဖြစ်ထရှိတယ်။ ဖြစ်ချိန်တန်လို့ဖြစ်လာတာ။ အဲ့လိုမျိုးပဲညီမတွေးပါတယ်။ ညီမ ဒီလိုမျိုးဖြစ်တယ်ဆိုကတည်းက ဒါ ညီမကိုချစ်လို့ပြောနေတာ။ စိတ်ပူပေးလို့ပြောနေကြတာဆိုတော့ ညီမ အဲ့ဒါကို ပျော်စရာအနေနဲ့ပဲ သတ်မှတ်လိုက်ပါတယ်”လို့ဖြေထားပါတယ်။ ချစ်သူရှိရင် ပရိသတ်ကိုအသိပေးမှာဖြစ်ကြောင်းလည်း “ညီမ Fans တွေကလည်း ပြောတယ်။ ချစ်သူရှိရင်လည်းပွင့်ပွင့်လင်းလင်းပဲနေပါ။ သူတို့ကဘယ်လိုပဲဖြစ်ဖြစ်ချစ်မှာပဲဆိုတော့ ညီမကံကောင်းတယ်လို့ခံစားရတယ်ပေါ့နော်။ ဝမ်းသာတယ်။ ညီမရည်းစားထားလို့ရှိရင်ပြောပြပါမယ်ပေါ့နော်။ အခုကတော့ ဘာမှထွေထွေထူးထူးပြောစရာမရှိသေးဘူးပေါ့နော်။ ဒီတိုင်းပဲ။ မထူးသေးဘူးပေါ့နော်”လို့ […]

Continue Reading

နိုင်ငံခြားသားတယောက်က သူ့အလှကို ချီးကျုးဖူးကြောင်း ရင်ဖွင့်လိုက်တဲ့ အမေဒေါ်နွဲ့နွဲ့စန်း

ဝါရင့်သရုပ်ဆောင် မင်းသမီးကြီးတယောက်ဖြစ်တဲ့ အမေ ဒေါ်နွဲ့နွဲ့စန်းကိုတော့ မသိတဲ့သူ မရှိလောက်ပါဘူး။ အဖြူအမဲရုပ်ရှင်ခေတ်ကတည်းက လှပကျော့ရှင်းတဲ့ အလှတရားနဲ့ ပုရိသတွေကို ဆွဲဆောင်နိုင်ခဲ့တဲ့ သရုပ်ဆောင် ဒေါ်နွဲ့နွဲ့စန်းကတော့ လက်ရှိ အဖွားလိုမျိုး အသက်အရွယ်မှာလည်း အရွယ်တင်နုပျိုနေဆဲပါပဲ။ အမေကတော့ မြန်မာ့ယဉ်ကျေးမှုကို ချစ်မြတ်နိုးတဲ့ မိန်းမသား တဦးဖြစ်တာကြောင့် လူငယ်တွေကို ချစ်သူများနေ့တွေလိုမျိုးမှာ လမ်းမှားမရောက်ဖို့ ဆုံးမသွားခဲ့တာ ဖြစ်ပါတယ်။ ဝါရင့်သရုပ်ဆောင်ကြီး အမေဒေါ်နွဲ့နွဲ့စန်းကတော့ Myanmarload နဲ့ အင်တာဗျူးတွင် “အမေတို့ ခေတ်တုန်းက မိန်းကလေး တယောက်ကို ကြိုက်လို့ရှိရင် ၃ နှစ် ၃ မိုး ပိုးရတာ။ မင်းတို့ခေတ်ကြတော့ ခုကြိုက် ခုလိုက် ခုကွဲဆိုတော့ မေတ္တာကို တန်ဖိုးထားရမှန်း မသိတာဖြစ်သွားတယ်။ ကိုယ်ချစ်တဲ့ မိန်းကလေးကို တန်ဖိုးထားချစ်ပါ။ ချစ်သူများနေ့တွေ ဒီဖက်ခေတ်မှာ ပေါ်နေတာပဲ။ […]

Continue Reading

ရွှေတိဂုံဘုရားပေါ်မှာ သင်ပွဲထိုးလိုက်တဲ့ ငှက်ပျောပွဲတွေက ဒီလိုနေရာတွေကို ရောက်ကုန်ပါတယ်

ရွှေတိဂုံဘုရားပေါ်မှာ သင်လှူလိုက်တဲ့ ငှက်ပျောပွဲတွေက ဒီလိုနေရာတွေကို ရောက်ကုန်ပါတယ် ရွှေတိဂုံဘုရားမှာ တစ်နေ့တစ်နေ့ အုန်းသီးနဲ့ငှက်ပျောဖီးတွေအများကြီး ဆွမ်းတော်တင်ကြပါတယ်။ ဘုရားပေါ်က ဝန်ထမ်းတွေဟာ အဲဒီငှက်ပျောသီးစိမ်းတွေနဲ့ အုန်းသီးတွေကို တစ်ရက် နှစ်ကြိမ် စွန့်လေ့ရှိပါတယ်။ အဲဒီလို စွန့်လိုက်တဲ့ ငှက်ပျောသီးတွေက ဘယ်ရောက်သွားတာပါသလဲ? လူအချို့ ထင်နေကြသလို လွှင့်ပစ်လိုက်တာလည်း မဟုတ်သလို၊ ရောင်းစားလိုက်တာလည်း မဟုတ်ရပါဘူး။ အသီးတွေကို စွန့်ပြီးတဲ့အခါ ဝန်ထမ်းတွေဟာ သိုလှောင်ရုံတွေဆီကို ယူသွားကျပါတယ်။ သိုလှောင်ရုံမှာ အပိုင်းနှစ်ပိုင်းခွဲထားပြီးတော့ တစ်ပိုင်းမှာ ငှက်ပျော်သီးတွေထားပြီး တစ်ပိုင်းမှာ အုန်းသီးတွေထည့်ထားပါတယ်။ ဘုရားပေါ်က တာဝန်ရှိသူရဲ့ပြောစကားအရ အဲဒီငှက်ပျောသီးနဲ့အုန်းသီးတွေဟာ ရန်ကုန်တိရိစ္ဆာန်ဥယျာဉ်နဲ့ ဓမ္မရက္ခိတ ဘုန်းကြီးကျောင်းတွေဆီကို ရောက်သွားတာပါ။ ရန်ကုန်တိရိစ္ဆာန်ဥယျာဉ်က အလုပ်သမားတွေဟာ အင်္ဂါနေ့နဲ့သောကြာနေ့တိုင်း ငှက်ပျောသီးစိမ်း အဖီး ၃၀၀ ကနေ ၆၀၀ အထိ လာယူကြပါတယ်။ ဓမ္မရက္ခိတ […]

Continue Reading

ကနဦးသတင်း လူ (၉) ဦး သေဆုံးတဲ့ ရွှေပြည်သာတံတားအဆင်း ယာဉ်တိုက်မှုကြီးဖြစ်ပွား

ကနဦးသတင်း.. လူ (၉) ဦး သေဆုံးတဲ့ ရွှေပြည်သာတံတားအဆင်း ယာဉ်တိုက်မှုကြီးဖြစ် 18.5.2019 ဒီ​နေည​နေ 5နာရီ​လောက်​က ​ရွေပြည်​သာ တံတားအဆင်းတွင်​ ဘုရားဖူးကားနှင့်​ အုပ်​သဲ​ကျောက်​ကား တိုက်​၍ လူ၉ဦး ​သေဆုံးပြီး ထိခိုက်​သူ အ​ရေး​ပေါ် အ​ခြေအ​နေအများအပြားရှိပြီး ကားလမ်းပိတ်​ဆို လျှက်​ရှိကြောင်းသိရှိရပါသည်။ crd

Continue Reading

မေလ ၂၁ ရက် နောက်ပိုင်းမှသာ မုတ်သံလေ ဝင်ရောက်နိုင်ဟု ဦးထွန်းလွင်ပြော

၂၀၁၉ မိုးရာသီသည် မုတ်သုံလေ အဝင်နောက်ကျ သော နှစ်ဖြစ်ပြီး မြန်မာနိုင်ငံ တောင်ပိုင်းသို့ မေလ ၂၁ ရက် နောက်ပိုင်းမှသာ ဝင်ရောက်လာ နိုင်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ပြော သည်။ မူလက မေလ ၁၅ ရက်ခန့် တွင် ဝင်ရောက်နိုင်ကြောင်း ခန့် မှန်းသော်လည်း ရက်သတ္တတစ် ပတ်ခန့် နောက်ကျပြီးမှ ဝင် ရောက်လာဖွယ်ရှိကြောင်း ဒေါက် တာထွန်းလွင်က မေလ ၁၆ ရက် ၌ သတင်းထုတ်ပြန်ထားသည်။ ‘‘၂၀၁၉ ဟာ မုတ်သုံလေ အဝင်နောက်ကျသော နှစ်ဖြစ်ပါ တယ်။ မိုးရွာသွန်းမှု လျော့နည်း နေတဲ့အပြင် အပူချိန်များလည်း မြင့်မားနေပါတယ်’’ဟု ဒေါက်တာ ထွန်းလွင်က ပြောသည်။ အနောက်တောင်မုတ်သုံ လေသည် မြန်မာနိုင်ငံတောင်ပိုင်း […]

Continue Reading

ကျောင်းဆရာမကို သတ်သွားတဲ့ တိမ်းရှောင်နေသူ တရားခံအားတွေ့ရှိပါက သတင်းပေးပို့ကြပါရန်

ပင်းဘောကျေးရွာလူသတ်မှုဖြစ်စဉ်မှ တရားခံဓါတ်ပုံအားမိုးကောင်းရဲတပ်ဖွဲ့ထုတ်ပြန် မိုးကောင်းမြို့နယ်၊ပင်းဘောကျေးရွာအုပ်စု၊ရေတွင်းကုန်းကျေးရွာနေ GTCကျောင်းဆရာမအားနေအိမ်တွင်သတ်ပြီးထွက်ပြေးတိမ်းရှောင်နေသူ တရားခံ၏ ဓာတ်ပုံနှင့်အချက်အလက်များကို မိုးကောင်းရဲတပ်ဖွဲ့မှထုတ်ပြန်ထားရှိကြောင်းသိရသည်။ တရားခံအားတွေ့ရှိပါက ပင်းဘောနယ်မြေရဲစခန်းဖုန်း( ၀၇၄-၆၆၁၁၉/၀၉၄၃၀၈၂၆၂၄) နှင့် နီးစပ်ရာရဲစခန်းများ၊အုပ်ချုပ်ရေးရုံးများသို့ သတင်းပေးပို့ကြပါရန် မိုးကောင်းရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားရှိကြောင်း သိရသည်။ crd

Continue Reading