အချစ်ရေးမှာ အမြဲကံမကောင်းဘူးဆိုတဲ့ ရဲလေး

ကျွန်တော်တို့ ငယ်ငယ်တုန်းက အရမ်းကို ခိုက်ခဲ့ရတဲ့ အဆိုတော်တယောက်ဖြစ်တဲ့ ရဲလေးကတော့ သူအနေနဲ့ အချစ်ရေးမှာ အမြဲတမ်း ကံမကောင်းခဲ့ဘူးလို့ ပြောဆိုသွားခဲ့ပါတယ်။ ရဲလေးကတော့ ဆယ်စုနှစ်ကျော်အောင်မြင်လာခဲ့တဲ့ အဆိုတော်တယောက်ဖြစ်ပါတယ်။ ယခုနောက်ပိုင်းမှာလည်း သီချင်းအသစ်တွေထွက်ပြီး ယင်းသီချင်းတွေကလည်း ပရိသတ်တွေကြားမှာ ရေပန်းစားနေဆဲပါပဲ။ ထို့နောက်ရဲလေးကတော့ အဆိုတော်အပြင် သရုပ်ဆောင်ပိုင်းမှာလည်း ကျွမ်းကျင်တဲ့သူတယောက်လည်း ဖြစ်ပါတယ်။ လက်တလောမှာတော့ နှင်းဆီးအဖွဲ့သားတွေနဲ့ နောက်ထပ် အငြိမ့် တခုအတွက်ပြင်ဆင်နေပြီး လတ်တလောအနုပညာလှုပ်ရှားမှုတွေအကြောင်းကို ပြောကြားသွား ခဲ့ပါတယ်။ အချစ်ရေးနဲ့ ပတ်သက်ပြီး ရဲလေးကတော့ “ကျွန်တော့်အတွက်ကတော့ အချစ်ရေးမှာ ဘယ်တော့မှ ကံမကောင်းဘူး။ အမြဲအားနည်းတယ်ဗျာ။ အချစ်ရေးမှာတော့ လောလောဆယ် ကောင်မလေး မရှိပါဘူး။ ဒီခေတ်ကြီးထဲမှာ ပြောရတာကလည်း အားငယ်ပါတယ်။ အလုပ်က အချိန်ပြည့်နေရာယူထားတဲ့အတွက် ကျွန်တော့်ရဲ့ ချစ်သူဖက်ကို အချိန်မပေးနိုင်ပါဘူး။ မပေးနိုင်မယ့်အတူတူတော့ ပြတ်မယ့်အတူတူ ကွဲမယ့်အတူတူတော့ […]

Continue Reading

မမှတ်မိနိုင်လောက်အောင် ကိုရီးယားဆန်ဆန်ချောလာတဲ့ အိစိကွေး

အိစိကွေးဟာဆိုရင် ငယ်ရွယ်စဉ်ကလေးဘဝပိစိကွေးကတည်းက တကယ့်ဝါရင့်သရုပ်ဆောင်တွေနဲ့တွဲဖက်ပြီး ရုပ်ရှင်တွေရိုက်ခဲ့ရတဲ့ ကလေးသရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။ ငယ်ငယ်ကတည်းက အလွမ်းအဆိုအငိုပိုင်နိုင်တဲ့ကလေးသရုပ်ဆောင်လေး အိစိကွေးဟာ တစ်နိုင်ငံလုံးရဲ့အချစ်တွေကိုသိမ်းကြုံးရယူထားတဲ့အနုပညာရှင်တစ်ဦးလည်းဖြစ်ပါတယ်။ အိစိကွေးကိုကလေးဘဝကတည်းက မြင်နေတဲ့ ပရိသတ်တွေကတော့ အခုအချိန်အထိ လူကြီးလို့ကိုမမြင်နိုင်သေးပဲ ကလေးလို့ပဲမြင်နေကြပြီး ဝေဖန်လေကန်ရေးတွေလုပ်ချင်ကြတာကြောင့် အိစိကွေးကိုယ်တိုင်က ပရိသတ်တွေအနေနဲ့ သူ့ကိုလူကြီးတစ်ယောက်လိုမြင်ပေးကြဖို့ အင်တာဗျူးတွေမှာ တောင်းဆိုခဲ့ရတဲ့အထိပါပဲ။ ဒါပေမယ့်လည်း မိဘတွေက ကိုယ့်ကလေးတွေကို ဘယ်လောက်ကြီးကြီး ကလေးအဖြစ်ပဲမြင်သလို အိစိကွေးဆို ကလေးသရုပ်ဆောင်လေးပါလို့မြင်ကြတဲ့ ပရိသတ်တွေကလည်းအခုအထိရှိနေတုန်းပါ။ အိစိကွေးကတကယ်တော့ ကလေးမဟုတ်တော့ပဲ တိုင်းသိပြည်သိအဆိုတော်ကြီးတစ်ဦးဖြစ်နေပြီဖြစ်သလို ရုပ်ရှင်ဇာတ်လမ်းတွေမှာလည်း ဆယ်ကျော်သက်ဇာတ်ကောင်တစ်ဦးအဖြစ်ပါဝင်သရုပ်ဆောင်နေပါပြီ။ ငယ်ငယ်ကတည်းကအနုပညာသွေးအပြည့်ပါတဲ့ အနုပညာရှင်တစ်ဦးဖြစ်ခဲ့တဲ့အိစိကွေးဟာ ကြီးလာတော့လည်း အနုပညာအရည်အသွေးက ပိုလို့ကောင်းလာပြီး ဇာတ်လမ်းတွဲတွေ ရုပ်ရှင်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်ထားခဲ့ပြီး အဆိုတော်တစ်ဦးအဖြစ် ပွဲတွေမှာလည်းလိုက်ဖျော်ဖြေလေ့ရှိတာကြောင့် ပရိသတ်အချစ်တော်အနုပညာရှင်လေးတစ်ဦးအဖြစ် အနုပညာလမ်းကြောင်းပေါ်မှာ အခြေခိုင်စွာဆက်လက်လျှောက်လှမ်းနေတာလည်းဖြစ်ပါတယ်။အခုတလော ပရိသတ်တွေကြားထဲမှာပျံ့နှံ့နေတာကတော့ အိစိကွေးရဲ့ သူမတူအောင် ချောမောလှပလာတဲ့ ဓာတ်ပုံတွေဖြစ်ပြီး အဲဒီပုံတွေထဲမှာ အိစိက ကိုရီးယားမင်းသားအလား […]

Continue Reading

ပန်ကာဖွင့်ပြီးအိပ်တတ်သူတွေအတွက် ကြောက်စရာလန့်စရာအကျိုးဆက်များ

ဒီလိုပူအိုက်နေတဲ့ နွေရာသီကြီးမှာ မီးခဏခဏပျက်တာက တော်တော်ဒုက္ခရောက်စေပါတယ်။ လူတွေကလည်း ပူလွန်းအိုက်လွန်းလို့ မနည်း သက်သာရာရှာနေရတဲ့အချိန်ကာလဆိုရင်လည်းမမှားပါဘူး။ Air Con တွေတပ်နိုင်သူတွေက Air Con အားကိုးနဲ့ အပူဒဏ်ကိုအံတုကြပြီး သာမန်လက်လုပ်လက်စားနင်းပြားလေးတွေခမျာမှာတော့ ပန်ကာဖွင့်တစ်လှည့် ယပ်တောင်လေးတွေအားကိုးတစ်လှည့်နဲ့ ပူအိုက်တဲ့နွေညများကို အံကြိတ်ကျော်ဖြတ်ရတာပါပဲ။ ဒါပေမယ့် ပန်ကာချစ်သူတွေအတွက် မကောင်းတဲ့သတင်းတစ်ခုတော့ ရှိပါတယ်။ အဲဒါကတော့ ပန်ကာဖွင့်ပြီးအိပ်တတ်သူတွေ ပြေးမလွတ်အောင်ခံစားရမယ့် ကြောက်စရာလန့်စရာအကျိုးဆက်တွေပါပဲ။ ညအိပ်တဲ့အခါ ပူလွန်းရင်ဘယ်လိုမှအိပ်မပျော်တာကြောင့် ပန်ကာလေးဖွင့်ပြီးအိပ်ရင် အိပ်ပျော်သွားတာမျိုးတွေ၊ ဒါမှမဟုတ် ပူအိုက်ပြီးနိုးလာတာမျိုးမဖြစ်အောင် ရည်ရွယ်ချက်ရှိရှိနဲ့ပန်ကာကို တမင်ဖွင့်ပြီးအိပ်တာမျိုးတွေလုပ်ဖူးကြပါလိမ့်မယ်။ ဒါပေမယ့် ကျွမ်းကျင်တဲ့ဆေးပညာရှင်တွေရဲ့ သတိပေးချက်အရ သင်ဟာ ဘယ်လောက်ပဲငရဲခန်းလိုပူလောင်အိုက်စပ်နေပါစေ ပန်ကာဖွင့်ပြီးတော့အိပ်တာမျိုးလုံးဝမလုပ်သင့်ဘူးလို့ဆိုပါတယ်။ အကြောင်းကတော့ ပန်ကာက သင့်ခန္ဓာကိုယ်ကို ထင်ထားတာထက်ပိုပြီး ဒုက္ခရောက်စေလို့ပါ။ ပန်ကာဟာ သင်အိပ်ပျော်နေချိန်မှာ သင့်ပါးစပ်နဲ့နှာခေါင်းမှာရှိတဲ့အစိုဓာတ်ကိုအငွေ့ပြန်စေပါတယ်။ ဒါ့အပြင် ပန်ကာဟာ အခန်းထဲကလေတွေကို စဉ်ဆက်မပြတ်လည်နေစေတာကြောင့် ဖုန်တွေသဲတွေအမှိုက်တွေကိုလည်း […]

Continue Reading

Crush တဲ့သူတွေ ဆက် Crush လို့ရပါတယ်ဆိုတဲ့ လုလုအောင်

ခေးကြီးခေးကြီးလို့ပရိသတ်တွေချစ်စနိုးနဲ့ခေါ်ကြတဲ့ လုလုအောင်ဟာဆိုရင် အရမ်းကိုကောက်ကြောင်းလှပတဲ့ခန္ဓာကိုယ်နဲ့ ပုရိသတွေကိုညို့ယူဖမ်းစားထားတဲ့ မော်ဒယ်လှလှလေးဖြစ်ပါတယ်။ လုလုအောင်ဟာ အခုဆိုရင် ပွဲတက်တွေလည်းဖိတ်ကြားခြင်းခံနေရပြီဖြစ်သလို ကြော်ငြာတွေလည်းရိုက်နေရပါပြီ။ လုလုအောင်က မကြာသေးမီက မီဒီယာတွေနဲ့ အင်တာဗျူးမှာ သူမ ကြိုက်တဲ့ ဖက်ရှင်တွေနဲ့ New Year ကို ဘယ်လိုဖြတ်သန်းမလဲဆိုတာ ပြောပြပေးသွားပါတယ်။ လုလုက လတ်တလောသူမကြိုက်နေတဲ့ ဖက်ရှင်တွေအကြောင်း “ဖက်ရှင်ကတော့ ပွပွလေးတွေပေါ့နော်။ ဒါပေမယ့်သိပ်မလိုက်ဘူးပေါ့နော်။ ခန္ဓာကိုယ်နဲ့ fit ဖြစ်တဲ့ဟာလေးတွေနဲ့ ပိုလိုက်တယ်လို့ထင်တယ်”လို့ ပြောပြထားပါတယ်။လုက သူမရဲ့ ခန္ဓာကိုယ်ကိုဘယ်လိုထိန်းသိမ်းဖြစ်တဲ့အကြောင်းတွေကို “ခန္ဓာကိုယ်ကတော့ fit ဖြစ်ရင်အဝတ်အစားဝတ်ရတာအဆင်ပြေတယ်ပေါ့နော်။ Body ကတော့ နည်းနည်းလျှော့တာပေါ့။ Body ထိန်းသိမ်းမှုကတော့ အများကြီးတော့မလုပ်ပါဘူး။ အစားလေးကိုနည်းနည်းလျှော့တယ်။ Exercise လေးလုပ်တယ်ပေါ့။အိမ်မှာပဲလုပ်တာပါ”လို့ ဖြေကြားထားပါတယ်။ ပရိသတ်တွေအရမ်းကြိုက်ကြတဲ့ Body ကို ကိုယ့်အနေနဲ့ဘယ်လိုမြင်မိလဲဆိုတာကို “Body က စားရင်စားသလိုတော့ ဖောင်းလာတာပေါ့နော်။အဲဒါကြောင့်လျှော့စားဖြစ်တယ်။ […]

Continue Reading

အရမ်းစိတ်ချရတဲ့ ချစ်သူလေးရထားတယ်ဆိုတဲ့ အမွန်း

ခပ်မိုက်မိုက် ဒီဇိုင်းတွေနဲ့ International ဆန်ဆန် သီချင်း သီဆိုဟန်တွေကြောင့် ပရိသတ် အားပေးမှု အခိုင်အမာရရှိထားတဲ့ အဆိုတော် တယောက်ဖြစ်တဲ့ အမွန်းကတော့ အချစ်ရေးမှာ ကံကောင်းနေပါတယ်။ အမွန်းကတော့ သူမရဲ့ ချစ်သူနဲ့တော့ ၄ နှစ်ပြည့်သက်တမ်းရှိသွားခဲ့ပြီဖြစ်ပြီး ချစ်သူက စိတ်ချရတဲ့ သူတယောက်ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။ ချစ်သူက စိတ်ချရလွန်းလွန်းလို့ သူ့ကိုပဲ ပြန် အူတိုနေရတယ်လို့ ပြောကြားခဲ့ပြီး သူတို့ရဲ့ Relationship အကြောင်းကို ပြောကြားသွား ခဲ့ပါတယ်။ အမွန်းကတော့ Cele YaKwat နဲ့ အင်တာဗျူးတွင် အချစ်ရေးငြိမ်ချက်သား ကောင်းနေတယ်ဆိုတဲ့ မေးခွန်းအပေါ်မှာတော့ “ငြိမ်တယ်ဆိုတာကတော့ အချစ်ရေးက အေးဆေးဖြစ်နေတာပါ။ ဒါကြောင့်လည်း ဂယက်မထတာပေါ့။ အမွန်းပျော်နေတာ ကြာပါပြီ။ ဒါကြောင့် ဂယက်မထပါရစေနဲ့ရှင်။ အချစ်ရေးမှာ အဆင်ပြေနေဖို့က အရေးကြီးပါတယ်။ အချစ်ရေးမှာ […]

Continue Reading

အရင်တုန်းကပုံတွေ ပြန်ကြည့်ရင် ရှက်တယ်ဆိုတဲ့ ဘေဘီမောင်

ခန္ဓာကိုယ်ကောက်ကြောင်းလှလွန်းတာကြောင့် နာမည်ကြီးတဲ့ မြန်မာမင်းသမီးတွေထဲမှာတော့ ဘေဘီမောင်လည်း ပါပါတယ်။ ဘေဘီမောင်ကတော့ မော်ဒယ်လောကထဲ စဝင်တဲ့အချိန်မှာတုန်းက ခန္ဓာကိုယ်ကောင်ကြောင်းအလှပေါ်လွင်တဲ့ ဝတ်စုံတွေနဲ့ ဓါတ်ပုံရိုက်ခဲ့ပြီး ပုရိသတွေရဲ့ ဝန်းရံမှုကို ရရှိခဲ့ပါတယ်။ လက်ရှိမှာတော့ အသက်အရွယ်ရလာတာကြောင့် ရိုးရိုးယဉ်ယဉ် ဝတ်စားမှုတွေကိုပဲ တွေ့ရတာများလာပြီး သူ့အနေနဲ့လည်း ငယ်ငယ်တုန်းက ဝတ်ခဲ့တဲ့ ပုံတွေကို အခုချိန်မှာ ပြန်ကြည့်ရင် ရှက်တယ်ဆိုပြီး ဖွင့်ဟလာခဲ့ပါတယ်။ ဘေဘီမောင်ကတော့ မကြာခင်သေးခင်ကပဲ ချစ်သူချောချောလေးကို ပိုင်ဆိုင်ထားတာလည်း ဖြစ်ပါတယ်။ ဘေဘီမောင်ကတော့ MC 7 နဲ့ အင်တာဗျူးတွင် Sexy အကျီင်္ဝတ်တာတွေနဲ့ ပတ်သက်ပြီး “အမ အဲ့လိုမျိုး ဝတ်စုံတွေ မဝတ်တာတော်တော်ကြာပါပြီ။ အသက်ကြီးပြီး အသိကြီးလာတဲ့အခါမှာ ဘုရားတရားတွေ လုပ်လာတာများလာတော့ သိလာတယ်။ ကိုယ်ကိုယ်တိုင်လည်း အသက်အရွယ်ရလာတော့ ရှက်လာတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ငယ်ငယ်တုန်းက ပုံတွေပြန်ကြည့်လိုက်ရင် […]

Continue Reading

မြမြ၀င်ပူးခံရသူ မဇာခြည်လွင် နဲ့ မဝေဇင်ထွန်း တို့ ပြောပြီ

ဒီနေ့ပြုလုပ်တဲ့ ကျောက်စိမ်းစက်ရုံတာဝန်ရှိသူများ သတင်းစာရှင်းလင်းပွဲ မှာ မြမြ၀င်ပူးခံရသူ မဇာခြည်လွင် နဲ့ မဝေဇင်ထွန်း တို့ရဲ့ ပြောကြားချက်များကို ထုတ်နှုတ်ဖော်ပြလိုက်ပါတယ်။ “ညီမကိုလည်း လုပ်ကြံပြီးလုပ်တယ်ပြောတယ်၊ ညီမကိုယ်ချင်းစားလို့ ကူညီတာပါ၊ ညီမကို ရူးတယ်လို့လည်းပြောကြတယ်၊ အခုသတင်းစာရှင်းလင်းပွဲရှိတယ်ပြောလို့လာတာပါ၊မြမြဆိုတာကို ညီမလည်း မသိပါဘူး၊ ဦးနှောက်ထဲမှလည်း မရှိပါဘူး၊ ဝင်ပူးခံရပြီးနောက် ဗီဒီယိုဖိုင်ပြန်ကြည်တော့မှသိတာပါ။” ဟု ယင်းစက်ရုံတွင်အလုပ်လုပ်ကိုင်ပြီး ပထမဆုံးဝင်ပူးခံရသည် စက်ရုံအလုပ်သမား မဇာခြည်လွင်ကပြောသည်။ “ကျွန်မကို ဘုန်းကြီးကိုယ်တိုင်ကထုတ်ပေးတာပါ၊ ညီမတို့က အမှန်တရားကို ဖော်ထုတ်ပေးမယ့် ငွေအင်အားမရှိဘူး၊ လူအင်အားမရှိဘူး၊ ဒီသတင်းစာရှင်းပွဲလုပ်တာလည်း ညီမတို့ကို ဖိတ်ခြင်းလည်းမရှိဘူး၊ ညီမတို့က ညီမတို့လိမ်တာမဟုတ်ဘူးဆိုတာကို လာရှင်းတာ၊ သူတို့ပြောသွားတဲ့စကားကလည်း ညီမတို့က သက်သက်မယ့်လုပ်ကြံတယ်ဆိုပြီးပြောတာ၊ အခု လိုင်းပေါ်မှာအဆဲခံနေရတာအများကြီး၊ ညီမတို့ဘက်မှာ ဘယ်သူမှမရှိဘူး၊ ဒီစက်ရုံမှ မြမြ ရှိလားမရှိလာဆိုတာလည်း ညီမတို့မသိဘူး၊ ညီမတို့လည်း ဂုဏ်သိက္ခာကျပါတယ်၊ […]

Continue Reading

အေသင်ချိုဆွေ ရဲ့ သမီးလေး Ivy ရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်များ

နိုင်ငံကျော်အဆိုတော်မလေး အေသင်ချိုဆွေ ဟာဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ နိုင်ငံကျော်အနုပညာရှင် တစ်ဦးပါ။ သူမရဲ့ ချစ်စရာကောင်းတဲ့ သမီးလေး Ivy ကလည်း ပရိသတ်တွေ ချစ်ရတဲ့ သူလေးပဲဖြစ်ပါတယ်။ Ivy လေးက ခုဆိုရင် ချစ်စရာကောင်းတဲ့ အမူအယာလေးတွေပါလုပ်တတ်နေပြီ ဖြစ်တာကြောင့် ပရိသတ်တွေက ပိုပြီး ချစ်နရတာပါ။ မိုမိုလေးပရိသတ်တွေအတွက် အေသင်ချိုဆွေရဲ့ သမီးလေး Ivy လေး ရဲ့ ပုံရိပ်ကလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ အေသင်က သမီးလေး Ivy ရဲ့ ပုံလေးတွေတင်ပြီး ခုလိုပြောထားပါတယ်။ ” လပွတ္တာက အဘိုးလေး ဆန်စက်ထိလိုက်သွားပြီးမုန့်ဖိုးကပ်တောင်း သော်လည်း ဆန်အိတ်တွေပဲယူ ပိုက်ဆံကိုင်ရဘူး လို့ပြောလိုက်တယ် မေမေ တဲ့ ” ဆိုပြီး သမီးလေး Ivy ပုံလေးတွေကို ဖော်ပြထားတာပဲ ဖြစ်ပါတယ်။ […]

Continue Reading

Bowling ပြိုင်ပစ်တာ လွှမ်းပိုင်တစ်ယောက် ရှုံးသွားလို့ စနေတဲ့ Bobby Soxer

ပရိသတ်တွေ အားကျချစ်ရတဲ့ အနုပညာရှင်စုံတွဲလေး တစ်တွဲဖြစ်တဲ့ လွှမ်းပိုင်နဲ့ Bobby Soxer တို့ ချစ်သူနှစ်ဦးကတော့ တစ်ဦးနဲ့တစ်ဦး နားလည်မှုတွေ၊ စစ်မှန်တဲ့ ချစ်ခြင်းတရားတွေနဲ့ ပြီးပြည့်စုံတဲ့ အချစ်ရေးကို ပုံဖော်ဖန်တီးနေကြတာပါ။ လွှမ်းပိုင်နဲ့ Bobby Soxer တို့ချစ်သူနှစ်ဦးကတော့ ချစ်သူသက်တမ်း (၉)နှစ်ကျော်ကြာအထိ တစ်ယောက်ကိုတစ်ယောက် နားလည်မှုအပြည့်နဲ့ လက်တွဲနိုင်ခဲ့တာမို့ ပရိသတ်တွေချစ်တဲ့ စံပြအတွဲလေးဖြစ်ပါတယ်။ လတ်တလောမှာတော့ Bobby Soxer က ချစ်သူနဲ့အတူ Bowling ပစ် ကစားရင်း ရှုံးသွားတဲ့ လွှမ်းပိုင်ကို စနေတဲ့ပုံလေးတွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ချစ်သူသက်တမ်း (၁၀) နှစ်နီးပါး ကြာတာတောင် တစ်ဦးကိုတစ်ဦး ကြည့်တဲ့ အကြင်နာမျက်ဝန်းတွေကတဆင့် သူတို့ရဲ့အချစ်တွေ ဘယ်လောက်နက်ရှိုင်းတယ်ဆိုတာ မြင်တွေ့ရနိုင်ပါတယ်နော်။ လတ်တလောမှာတော့ လွှမ်းပိုင်က သီချင်းအသစ်တွေ ဆက်တိုက်ပြုလုပ်ဖြစ်နေတဲ့အပြင် […]

Continue Reading

မမကို ချစ်ဖို့ ပရိသတ်တွေကို ချစ်စနိုးလေး တောင်းဆိုလိုက်တဲ့ မိန်းမချော

MRTV 4 ရုပ်သံလိုင်းမှာ ည(၈)နာရီကျော်ဆိုတာနဲ့ ပရိသတ်တွေ စောင့်မျှော်ကြည့်ရှုခဲ့ရတဲ့ “ကျွန်မက မဟေသီ” ဇာတ်လမ်းတွဲထဲက အဓိက ပဲ့ကိုင်ရှင် မိန်းမချော လို့ခေါ်တဲ့ သရုပ်ဆောင် သံသာမိုးသိမ့်က သူမရဲ့ ပြောင်မြောက်လှတဲ့ သရုပ်ဆောင်စွမ်းရည်ကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အခိုင်အမာ ရရှိထားသူလေး တစ်ဦးဖြစ်ပါတယ်။ “ကျွန်မက မဟေသီ” ဇာတ်လမ်းတွဲ ရိုက်ကူးပြီးတဲ့နောက်မှာတော့ သံသာမိုးသိမ့်က တခြားသော အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ သံသာမိုးသိမ့်က လက်ရှိမှာ ဇာတ်လမ်းတွဲတွေကိုလဲ ရိုက်ကူးနေသလို ဖိတ်ကြားခံရတဲ့ ပွဲအခမ်းအနားတွေကိုလဲ တက်ရောက်ပေးနေတာပဲ ဖြစ်ပါတယ်။ သံသာမိုးသိမ့်က ဒီတစ်ခေါက်မှာတော့ သူမရဲ့ အလှပုံရိပ်လေးတွေကို မျှဝေရင်း “မမကို ချစ်ပါ” လို့ ချစ်စနိုးလေး တောင်းဆိုခဲ့ပါတယ်။ သံသာမိုးသိမ့်က လက်ရှိမှာ “အချစ်ဖွဲ့လေညှင်း” ဇာတ်လမ်းတွဲမှာ […]

Continue Reading