မြမြဝိဥာဉ် ဝင်ပူးခံရသည့် စက်ရုံအလုပ်သမ (၂) ဦးအား ထပ်မံ ဝင်ပူးခံရပါက အရေးယူမည်

မြမြဝိဥာဉ်ဝင်ပူးခံရသည့် စက်ရုံအလုပ်သမနှစ်ဦးအား ထပ်မံဝင်ပူးခံရပါက အရေးယူမည် ဟု စက်ရုံတာဝန်ရှိသူ ပြော ကျောက်စိမ်းဖိနပ်စက်ရုံမှ အလုပ်သမနှစ်ဦးထံသို့ မြမြဆိုသည့် ၀ိဥာဉ်မှဝင်ပူးကာ အဓမ္မပြုကျင့်သတ်ဖြတ်ခံရ ကြောင်း ပြောကြားမှုနှင့်ပတ်သက်၍ ၄င်းမြမြဆိုသူမှာ ကျောက်စိမ်းဖိနပ်စက်ရုံတွင်မရှိသည့်အတွက် ယင်းအလုပ်သမနှစ်ဦးအနေဖြင့် ၀ိဥည်ဝင်ပူးခြင်းဖြစ်စဉ် ထပ်မံဖြစ်ပေါ်ပါက အလုပ်ရှင်၊အလုပ်သမားစာ ချုပ်(EC)အရ အရေးယူသွားမည်ဖြစ် ကြောင်း ကျောက်စိမ်းဖိနပ်စက်ရုံ၏ HR မန်နေဂျာဖြစ်သူ ကိုဇော်ဇော်အောင်က ပြောကြားလိုက်သည်။ ယနေ့ နေ့လည်ပိုင်းက ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ရွာသာကြီးစက်မှုမြို့ရှိ ကျောင်းစိမ်းဖိနပ်စက်ရုံတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ကျောက်စိမ်းစက်ရုံ၏ HR မန်နေဂျာဖြစ်သူ ကိုဇော်ဇော်အောင်ကပြောကြား ခဲ့ခြင်းဖြစ်သည်။ “ဒီဟာကနှစ်ပိုင်းရှိတယ်။ဝန်ထမ်းစည်းမျဉ်းစည်းကမ်းအရရှိတယ်။ဥပဒေအရရှိတယ်။ဝန်ထမ်းစည်းမျဉ်းစည်းကမ်းအရ ဒီလုပ်ဆောင်ချက်တွေသည် ဘယ်လိုမျိုးအပြစ်ပေးလို့ရတယ်။ အရေးယူလို့ရတယ်ဆိုတာကို ကျွန်တော်တို့က ECစာချုပ်ကို အသေအချာလေ့လာရမှာပေါ့” ဟု စက်ရုံမန်နေဂျာ ကိုဇော်ဇော်အောင်က ပြောကြားသည်။ ပြီးခဲ့သည့်နှစ်ဆန်းတစ်ရက်နေ့က တောင်ဒဂုံမြို့နယ် ၁၀၇ ရပ်ကွက်အတွင်း […]

Continue Reading