ချစ်သူမမ နဲ့ ကြည်နူးစရာကောင်းတဲ့ ပုံလေးတွေ တင်လိုက်တဲ့ သားဂန်း

Cele news

အိမ်မက်ဆုံရာ မှာ ပြိုင်ပွဲဝင်ရာမှ သူ့ရဲ့ သာယာချိုမြိန်တဲ့ အသံလေးတွေကြောင့် လူကြိုက်များလာတဲ့ အဆိုတော် သားဂန်းဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ သူလေးပါ။ အချစ်အယူခံ သီချင်း လေးဆိုရင်း ပရိသတ်တွေရဲ့ အားပေးမှုများစွာရရှိနေတဲ့ သားဂန်းက သရုပ်ဆောင် မင်းသမီးလေး ဘေဘီမောင် နဲ့ ချစ်သူတွေဖြစ်နေကြပြီး သူတို့ချစ်သူနှစ်ဦး ကို ပရိသတ်တွေကလည်း အရမ်းကို ချစ်နေကြတာပါ။ ဒီတစ်ခါမှာတော့ မိုမိုလေးရဲ့ ချစ်ပရိသတ်တွေအတွက် သားဂန်း တို့ ချစ်သူ နှစ်ဦး ရဲ့ ပုံရိပ်ကလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

သားဂန်းနဲ့ ဘေဘီမောင် တို့ချစ်သူနှစ်ဦး က မနဲ့မောင် စုံတွဲလေးဖြစ်ပြီး သားဂန်းက ချစ်သူမမ ကို အရမ်းချစ်တတ် တာကြောင့် ပရိသတ်တွေက အရမ်းကို သဘောကျနေကြတာပါ။ ချစ်သူရဲ့ ဆိုးနွဲ့တာခံချင်တယ်၊ သဝန်တိုတာကို ကြိုက်တယ်ဆို တဲ့ သားဂန်းက ချစ်သူစိတ်ဆိုးနေရင်လည်း ချော့ရတာကြိုက်ပါတယ်တဲ့ ပရိသတ်ကြီးရေ ၊၊

ဒီတစ်ခါမှာတော့ သားဂန်းက အဆိုတော် တစ်ယောက်ပီပီ” ❤️မင်းရှိခဲ့ရင် ကြည်ကြည်နူးနူးဘဝမှာ ချစ်လို့မဝပါ❤️” ဆိုတဲ့ သီချင်းစာသားလေးနဲ့ ချစ်သူနှစ်ဦး ကြည်နူးနေတဲ့ ပုံလေးတွေကို သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာဖော်ပြထားတာပါ။

သားဂန်းနဲ့ ဘေဘီမောင် တို့ရဲ့ ပုံရိပ်ကလေးတွေကို ပရိသတ်တွေ ဆက်လက်ကြည့်ရူပေးကြပါဦးနော်။

သားဂန်းနဲ့ ဘေဘီမောင် တို့ရဲ့ ပုံရိပ်ကလေးတွေကို ပရိသတ်တွေသဘောကျကြလိမ့်မယ်ထင်ပါတယ်။ ကြည့်ရူ့ပေးကြတဲ့ မိုမိုလေးပရိသတ်ကြီးကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *