သင်​ဇာနဲ့ နောက်ထပ် ခရီးအတူသွားရဖို့ မျှော်လင့်နေတဲ့ သူမရဲ့ချစ်သူ

Celebrity

ချစ်စရာကောင်းတဲ့ စိတ်ထားလေးနဲ့ စွဲမက်ဖွယ် ကောက်ကြောင်းအလှကို ပိုင်ဆိုင်ထားတဲ့ မင်းသမီး​ချော​လေး သင်​ဇာဝင့်​​ကျော်​က​တော့ မကြာခဏဆိုသလို ညှို့အားပြင်းလှတဲ့ ပုံရိပ်တွေနဲ့ ပရိသတ်တွေကို ရင်ခုန်သံမြန်စေသူတစ်ဦးပါ။ သူမကို ပျော်ရွှင်စေတဲ့ ချစ်သူကိုလည်း ပိုင်ဆိုင်ထားတဲ့ သင်ဇာကတော့ မကြာသေးခင်ကပဲ ချစ်သူနဲ့အတူ ခရီးထွက်ခဲ့တဲ့ ပုံရိပ်တွေကို ပရိသတ်တွေကို အလင်းပြခဲ့ပါသေးတယ်နော်။ လတ်တလောမှာတော့ သင်ဇာက ညှို့အားပြင်းလှတဲ့ သူမရဲ့ပုံရိပ်တွေကို လူမှုကွန်ယက်မှာတင်ပြီး ခရီးထပ်ထွက်ချင်တဲ့အကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာတွေ့ရပါတယ်။

သင်ဇာဝင့်ကျော်ကတော့ “All I need is a glass of wine & vacation soon 🍷🖤” ဆိုပြီး ဝိုင်လေးတစ်ခွက်ရယ်နဲ့ မကြာခင်မှာ ခရီးထွက်ချင်နေတယ်ဆိုတဲ့အကြောင်းကို သူမရဲ့ပုံရိပ်တွေနဲ့အတူ လူမှုကွန်ယက်မှာ တင်ထားတာပါ။

သင်ဇာ့ရဲ့ပို့စ်အောက်မှာတော့ သူမရဲ့ချစ်သူက “😬 Yes Please 🙏🏼” ဆိုပြီး သင်ဇာနဲ့ ခရီးထပ်ထွက်ချင်တဲ့သဘောမျိုးလေး ပြန်ရေးထားတာ တွေ့ရပါတယ်။

သင်ဇာဝင့်ကျော်နဲ့ သူမရဲ့ချစ်သူကတော့ တလောကလည်း မော်ဒိုက်ကမ်းခြေသို့ နှစ်ယောက်အတူတူ ပထမဦးဆုံးခရီး ထွက်ခဲ့ကြပါသေးတယ်။

သရုပ်​​ဆောင်​ပိုင်းမှာလည်း ကျရာဇတ်​ရုပ်​ကို ပီပြင်​​အောင်​ သရုပ်​​ဆောင်​နိုင်​တဲ့ သင်​ဇာဝင့်​​ကျော်​က​တော့ လက်​ရှိမှာ ရုပ်​ရှင်​ဇာတ်​ကားကြီး​တွေ ဆက်​တိုက်​ ရိုက်​ကူးဖြစ်​​နေပြီး တစ်​ခြား​သောအနုပညာအလုပ်​​တွေလည်း လုပ်​ဖြစ်​​နေတယ်​လို့ သိရပါတယ်​။ မိုမို​လေးချစ်​ပရိသတ်​​တွေလည်း အရမ်းလိုက်​ဖက်​ညီပြီး ချစ်စရာကောင်းတဲ့ သင်​ဇာတို့ချစ်​သူနှစ်​ဦးကို သ​ဘောတူရင်​ share ​သွားကြဖို့ မ​မေ့ပါနဲ့​နော်​။

Leave a Reply

Your email address will not be published. Required fields are marked *