စိတ်ရော လူရော အေးတဲ့နေရာလေး သွားချင်မိတယ်ဆိုတဲ့ ဝတ်​မှုန်​​ရွှေရည်

Cele news

စိတ်ထားလေးရော လူလေးပါ အရမ်းကိုချစ်စရာကောင်းတဲ့ မင်းသမီးချောလေး ဝတ်မှုံရွှေရည်ကတော့ အမြဲလိုလို သူမရဲ့အလှပုံရိပ်တွေကို ဝေမျှလေ့ရှိပြီး ပရိသတ်တွေကို စိတ်ကြည်နူးစေတဲ့သူလေးတစ်ဦးပါ။ လတ်တလောမှာတော့ ရွှေကစ်လေးက ဂျပန်သို့ အလည်အပါတ်ရောက်ရှိနေတဲ့ သူမရဲ့ပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ဂျပန်နိုင်ငံက ဖူဂျီတောင်ကြီးနားမှာ အေးချမ်းပျော်ရွှင်နေတဲ့ ရွှေကစ်လေးရဲ့ပုံရိပ်တွေကတော့ အရမ်းကို ချစ်ဖို့ကောင်းနေတာပါနော်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် ဂျပန်မလေးအလား အထင်မှားရလောက်အောင် လှရက်လွန်းတဲ့ ဝတ်မှုန်ရွှေရည်ရဲ့ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ရွှေကစ်လေးကတော့ “စိတ်ရော လူရောအေးတဲ့နေရာလေးသွားချင်မိတယ် 🕊💛” ဆိုပြီး သူ့မရဲ့ချစ်စဖွယ်ပုံရိပ်လေးတွေကို လူမှုကွန်ယက်ပေါ်မှာ ဝေမျှပေးထားတာပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသမီးလေးတစ်ဦးဖြစ်တဲ့ ဝတ်မှုန်ရွှေရည်ကတော့ လတ်တလောမှာ အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်ပြုလုပ်ဖြစ်နေပြီး ရုပ်ရှင်ဇာတ်ကားကောင်းတွေလည်း ရိုက်ကူးဖြစ်နေတာပါ။ မိုမိုလေးချစ်ပရိသတ်တွေလည်း ဂျပန်မလေးတစ်ယောက်လို ချစ်စရာကောင်းနေတဲ့ ရွှေကစ်လေးကိုချစ်ရင် share သွားကြဖို့ မမေ့ပါနဲ့နော်။

Leave a Reply

Your email address will not be published. Required fields are marked *