“အားအလွန်ပြင်း ဆိုင်ကလုန်းမုန်တိုင်း ….ဦးတည်လာနေတာကြောင့် အိန္ဒိယမှာ …လူ ရှစ်သိန်းလောက်ကို ဘေးလွတ်ရာ ရွှေ့ပြောင်း”

social media

တစ်နာရီ ကို လေတိုက်နှုန်း ၁၂၇ မိုင်ရှိတဲ့ အားအလွန်အပြင်း ဆိုင်ကလုန်းမုန်တိုင်းကြီး ဦးတည်လာနေတာကြောင့်

အိန္ဒိယ အရှေ့ဖက် ကမ်းရိုးတန်း ခရိုင်တွေက ပြည်သူ ရှစ်သိန်းနီးပါးကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားရကြောင်း တာဝန်ရှိသူတွေက ကြာသပတေးနေ့မှာ ပြောပါတယ်။

အလွန့် အလွန်အားပြင်း ဖန်နီဆိုင်ကလုန်းမုန်တိုင်းဟာ သောကြာနေ့ နေ့လယ်ပိုင်းမှာ ဟိန္ဒူအထွဋ်အမြတ်ထားရာ

ပူရီမြို့ဆီ ၀င်ရောက်လိမ့်မယ်လို့ အိန္ဒိယမိုးလေ၀သဌာနက ခန့်မှန်းထားပါတယ်။

မုန်တိုင်း ဒဏ်ကို ထိပ်တိုက်ကြုံရမယ့် သြရိဿပြည်နယ် ခရိုင် ၁၃ ခရိုင်က ပြည်သူ ၇၈၀၀၀၀ ကျော်ကို ညတွင်းချင်း

ဘေးကင်းရာ ရွှေ့ပြောင်းခဲ့ရကြောင်း ကယ်ဆယ်ရေးဌာနတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“တော်တော်များများကို ဘေးလွတ်ရာ နေရာတွေဆီ ပို့ဆောင်ပေးနေပါတယ်။”လို့ ယင်းဌာနက တာဝန်ရှိသူက ဆိုပါတယ်။

စာသင်ကျောင်းနဲ့ အစိုးရရုံးတွေမှာ ခိုလှုံရေးစခန်းပေါင်း ၁၀၀၀ ခခန့် ဖွင့်ထားတာကြောင့် သူပေါင်း တစ်သန်းကျော်လောက် ၀င်ဆံ့မှာ ဖြစ်ပါတယ်။

ဆယ်စုနှစ် နှစ်ခုစာနီးပါးအတွင်း အိန္ဒိယအရှေ့ပိုင်းမှာ အကြီးမားဆုံး ၀င်တိုက်မယ့် ဒီမုန်တိုင်းနဲ့ ပတ်သက်ပြီး ကြာသပတေးနေ

့ သတင်းတွေအရ ကမ်းလွန် ကီလိုမီတာ ၄၅၀ ခန့် ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်း ဖြစ်ပေါ်နေပြီး အနောက်အရပ်ဆီ ဦးတည်ရွေ့လျားနေပါတယ်။

အခု ဖန်နီဆိုင်ကလုန်းမုန်တိုင်းရဲ့ ပြင်းအားဟာ အဆင့် ၃ ကနေ ၄ အထိ ရှိနေပါတယ်။ အိန္ဒိယနိုင်ငံ အရှေ့ဖက်ကမ်းရိုးတန်းမှာ

နှစ်သုံးဆယ်အတွင်း လေးကြိမ်မြောက် ၀င်ရောက်မယ့် မုန်တိုင်းလည်း ဖြစ်ပါတယ်။
Rf; Asia One

Writer – မောင်သံဆင့်(Daily Hot News)

Leave a Reply

Your email address will not be published. Required fields are marked *