ချစ်သူက ကတုံးလိုက်တုံးလို့သဝန်တိုနေရတယ်ဆိုတဲ့ နေခြည်ဦး

social media

Beauty Blogger တစ်ယောက်အဖြစ် အောင်မြင်မှုတွေရရှိခဲ့ပြီးသရုပ်ဆောင်အလုပ်တွေကိုပါ လုပ်နေတဲ့ နေခြည်ဦးကတော့ သူရဲ့ ချစ်သူက သူ့ကိုဘယ်လောက်ချစ်ကြောင်းသက်သေပြခဲ့တဲ့ဖြစ်ရပ်တစ်ခုကို Myanmar Celebrity နဲ့အင်တာဗျူးတစ်ခုမှာပြောပြသွားပါတယ်။ သူပြောပြသွားတဲ့အကြောင်းတွေကို ပြောချင်လွန်းက နေခြည်ဦးကိုချစ်တဲ့မိတ်ဆွေတွေသိအောင်ပြောပြပေးလိုက်ပါတယ်။

ချစ်သူက ကတုံးလိုက်တုံးတဲ့အပေါ်မှာနေခြည်ဦးက “ Comment တွေဘာတွေကျသူကဝင်ဝင်ဖတ်တယ်။ နေခြည်ကကျဝင်မဖတ်တော့ဘူး ။ ကိုယ်ကနည်းနည်း အရေခွံကထူနေပြီ။ သူကျတော့ ဝင်ဖတ်တော့ စိတ်မကောင်းဖြစ်သွားပြီး သူကတုံးလိုက်တုံးလိုက်မယ်တဲ့ ။ အဲ့ဒါနင့်ကိုကတုံးမလို့ပြောရင် ငါလည်းကတုံးပဲဖြစ်မှာ ဆိုပြီးတော့ပြောတယ်။ ပရိသတ်တွေတော်တော်များများ ၊ နေခြည့်ဖန်တွေ တော်တော်များများမှာလည်း သင်္ကြန်တုန်းကမယ်သီလရှင်ဝတ်လိုက်တဲ့ ညီမလေးတွေအစ်မတွေအများကြီးရှိတယ်။ သူတို့ကလည်းနေခြည်ဝင်လို့လိုက်ဝင်တာဆိုတဲ့ Commentတွေလာပေးတော့အရမ်းဝမ်းသာတယ်။ တကယ်တမ်း ကတုံးဖြစ်သွားတဲ့အခါကျတော့ နေခြည်တို့ကတုံးတုံးထားတဲ့သူတွေပဲနားလည်တယ်။ အင်္ကျိအဝတ်အစား ဝတ်ရတာကအစ ၊မိတ်ကပ်လိမ်းရတာကအစ အခက်အခဲလေးတွေရှိတယ်။

ကိုယ့်ရဲ့ Society မှာဆိုရင်ကိုယ်ကကတုံးမပဲခေါ်ကြတာ ကတုံးတုံးလိုက်တော့ ကတုံးမပေါ့နော်။ ဘာပဲဖြစ်ဖြစ်အဲ့ဒီလိုလေးလုပ်လိုက်ရင် Pressure လေးကနည်းနည်းရှိတော့ နေခြည်ကောင်လေးက Support လုပ်တဲ့အချိန်မှာသူတို့ရင်ထဲလည်းထိသွားတယ်ပေါ့ ။သူကတော့အဲ့ဒီလိုမျိုးတခြားသူတွေလည်းထိပါစေတော့ဆိုပြီးတော့မဟုတ်ပါဘူး ။ ကိုယ့်ကောင်မလေးတစ်ယောက်ကို အဲ့ဒီလိုတွေပြောနေတော့ သူလည်းသိပ်သည်းမခံနိုင်တော့လို့နဲ့တူတယ်။ (သဘောကျလျက်) ယောက်ျားလေးတစ်ယောက်ကတုံးဆံပင်ပေါက်နဲ့ဆိုတော့ကျ သူကပိုတောင်လိုက်သွားတော့ သဝန်တောင်တိုသေးတယ်။ ယောက်ျားလေးကတုံးတုံးတာကျအဆင်ပြေတယ်လေ။ကြည့်လို့ပိုကောင်းတာပေါ့ ။ မိန်းကလေးကျတော့ ဒါကိုတော်တော်များများ တစ်ခုခုကို စွန့်လွှတ်ထားရတာ။ ကိုယ့်ကိုယ်ကိုယ် confidenceရှိအောင်တော်တော်လုပ်ထားတာဖြစ်တဲ့အတွက် ဘာပဲပြောပြောကိုယ့်ကောင်လေးက ကိုယ့်ဘက်မှာနေပေးတယ်။ Support လုပ်ပေးတယ်ဆိုတဲ့စိတ်ကတော့ပျော်ပါတယ်။”ဆိုပြီးပြောပြသွားပါတယ်။

crd

Leave a Reply

Your email address will not be published. Required fields are marked *