ငွေကြေးအခက်ခဲတွေကြောင့် လက်မထပ်သေးတာလို့ဆိုလိုက်တဲ့ နန်းသူဇာ

ချစ်စရာကောင်းပြီး ငယ်ရွယ်နုပျိုတဲ့ မျက်နှာထားလေးနဲ့ မော်ဒယ် နန်းသူဇာကိုတော့ ယောကျာ်းလေးများသာမက မိန်းကလေးတွေကပါ အားပေးကြပါတယ်။ နန်းသူဇာတယောက်ကတော့ အဆိုတော် ကျော်ထွဋ်ဆွေ နဲ့ ချစ်သူရည်းစားဖြစ်လာတာကတော့ နှစ်တွေ အတော်ကြာလာပါပြီ။ ဒါပေမယ့်လည်း လက်ရှိချိန်ထိ ရွှေလက်မတွဲသေးတာကြောင့် ပရိသတ်တွေက မေးခွန်းထုတ်နေကြတာ ဖြစ်ပါတယ်။ ဒီကိစ္စကိုတော့ နန်းသူဇာက ဖြေရှင်းပြောကြားထားတာ ဖြစ်ပါတယ်။ နန်းသူဇာကတော့ celeyatkwat နဲ့ အင်တာဗျူးမှာတော့ ကျော်ထွဋ်ဆွေက နန်းသူဇာကို ဘယ်အချက်တွေကြည့်ပြီး သဘောကျခဲ့တာလဲ မေးခွန်းကို “ငယ်သေးတော့လည်း ငယ်ငယ်လေး ကောင်မလေး တယောက်လို ချစ်စရာလည်း ကောင်းနေမှာပေါ့။ သိတော့မသိဘူး။ လျောက်ပြောတာပါ” ချစ်သူနဲ့ ဘယ်တော့ရွှေလက်တွဲမှာလည်း ဆိုတဲ့အပေါ်မှာတော့ နန်းသူဇာက “ဒီခေတ်ကြီးထဲမှာ မင်္ဂလာဆောင် စားရိတ် ငွေရေးကြေးရေး အခက်ခဲတွေက အများကြီး ဖြစ်လာတော့ ကိုယ်ကိုတိုင် အောင်မြင်အောင်လို့ […]

Continue Reading

မျက်နှာပြုပြင်လိုက်တဲ့အကြောင်းပြောပြတဲ့ခွန်းဆင့်နေခြည်

ခွန်းဆင့်နေခြည်ဟာ အနုပညာနယ်ပယ်ထဲဝင်ရောက်လာတာနှစ်ပေါင်းကြာပြီဖြစ်ပြီး မြန်မာနိုင်ငံအနှံ့အပြားက ပရိသတ်တွေရဲ့အားပေးမှုရရှိထားတဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။ခွန်းဆင့်နေခြည်က မကြာသေးမီက 8days TV နဲ့ အင်တာဗျူးမှာ မျက်နှာပြုပြင်လိုက်တဲ့အကြောင်းလေးတွေကိုပြောပြသွားခဲ့ပါတယ်။ ခွန်းဆင့်နေခြည်က မျက်နှာပြုပြင်တာနဲ့ပတ်သက်ပြီးလုပ်ဖြစ်တာလေးတွေကို “အစ်မက ထွေထွေထူးထူးတော့မဟုတ်ဘူး။ ခွန်းဆင့်နေခြည်ရဲ့မျက်နှာကိုပြောင်းသွားအောင် လုပ်လိုက်တာမျိုးမဟုတ်ဘူး။ ဆရာဝန်နဲ့ ဆွေးနွေးကြည့်တော့အစ်မမျက်နှာက လေးထောင့်ကျတယ်လေ။ လေးထောင့်ကျတဲ့အတွက်မေးရိုးတွေကို နည်းနည်းသွယ်သွားအောင်လုပ်မယ်ဆိုပြီးတော့လုပ်ဖြစ်တယ်။ အစ်မက နှုတ်ခမ်းကျတော့ သေးသေးလေး ရယ်လိုက်ရင်ဘာမှမရှိဘူးပေါ့နော်။ မသိမသာပုံစံလှလှလေးဖြစ်သွာားအောင် ဆရာက Filler လေးထိုးပေးတယ်။ ဒါပေမယ့် အချိန်က တစ်နှစ်ခွဲမှာပဲ effect ရှိတာပေါ့။ တစ်နှစ်ခွဲကျော်သွားရင်တော့ နဂိုမျက်နှာပြန်ဖြစ်သွားတယ်ပေါ့။ အစ်မကတော့ နည်းနည်း အပြောင်းအလဲလေးဖြစ်သွားအောင်စမ်းသပ်ကြည့်တဲ့အနေနဲ့ နည်းနည်းလေးလုပ်ကြည့်တာပါ”လို့ ပြောပြထားပါတယ်။ မျက်နှာအသားအရည်တင်းအောင်လို့ ကြိုးလည်းထည့်သေးကြောင်း “အစ်မတို့ကျတော့ skin က ဆယ်ကျော်သက် skin မျိုးနဲ့မတူတော့ဘူးလေ။ သုံးဆယ်ကျော်ပြီဆိုတော့ လျော့တွဲတာတွေဘာတွေအတွက် ဆရာက skin ကို […]

Continue Reading

ပါရမီရှိရင် ပြိုင်ပွဲတွေမှာ ပြိုင်နေစရာမလိုဘူးဆိုတဲ့ ထူးအယ်လင်း

ခံစားချက်သီချင်းတွေရော ခပ်ကြမ်းကြမ်းသီချင်းတွေပါ အကုန်ရတဲ့ အဆိုတော်ကြီး ထူးအယ်လင်းကိုတော့ ရင်းနှီးပြီးသား ဖြစ်မှာပါ။ အဆိုတော် ထူးအယ်လင်းကတော့ ရိုးသားပြီး အနုပညာပေါ်မှာ မှန်ကန်တဲ့ စိတ်နဲ့ လုပ်တဲ့ အဆိုတော်တယောက်ဖြစ်သလို သူ့ရဲ့ ခံစားချက်တွေကိုလည်း ပွင့်ပွင့်လင်းလင်း ပြောပြတတ်သူ တယောက်ဖြစ်ပါတယ်။ လက်ရှိ အင်တာဗျူးမှာလည်း ထူးအယ်လင်းသူ့အနေနဲ့ လက်ရှိကျင်းပနေတဲ့ အဆိုပြိုင်ပွဲတွေကိုတော့ အကြိုက်မတွေ့ဘူးလို့ ပြောထားပြီး အဲ့လိုပြိုင်ပွဲတွေမှာလည်း ဒိုင်မလုပ်ချင်ဘူးလို့ ပွင့်ပွင့်လင်းလင်း ပြောကြားသွား ခဲ့ပါတယ်။ ထူးအယ်လင်းကတော့ MC နဲ့ အင်တာဗျူးတွင် ပြိုင်ပွဲတွေမှာ ဒိုင်လုပ်တာနဲ့ ပတ်သက်ပြီး “ပွင့်ပွင့်လင်းလင်းပြောရရင်တော့ အကိုမကြိုက်ပါဘူး။ အကို့အနေနဲ့ အဲ့လိုမျိုးဒိုင်တော့ မလုပ်ချင်ဘူးကွာ။ လုပ်လည်းဖြစ်မှာ မဟုတ်ဘူး။ ငါအကုန် အပြည့်တွေကြီး ပေးပစ်မှာ။ သနားလို့ကွာ။ သူတို့မှာ မျှော်လင့်ချက်ကြီးစွာ ပြိုင်ပြီး ဒိုင်တွေကို မျက်ရည်ခံထိုးပြီး […]

Continue Reading

ကိုယ့်သီချင်းကိုယ် Cover ပြန်ဆိုမယ့် ထူးအယ်လင်း

အဆိုတော် ထူးအယ်လင်းကတော့ ဘုရားပေးတဲ့ အသံကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ အရက် သေစာနဲ့ မူးယစ်ဆေးဝါးကို စိတ်ကြိုက်သုံးခဲ့ဖူးပေမဲ့ ဒုတိယ အိမ်ထောင်ပြုပြီးချိန်မှာတော့ ဒါတွေအကုန် ပြုပြင်လိုက်ပါပြီ။ ပရဟိတတွေဘက် ခြေဦးလှည့်နေတဲ့ ထူးအယ်လင်းက ဂီတဘက်ကိုလည်း မလစ်ဟင်းစေရပါဘူး။ မေလ (၃၁) ရက်နေ့ “ရွှေနှလုံးသား ဂီတည” မှာ ပါဝင်ဖျော်ဖြေမယ့် အကြောင်း ထူးအယ်လင်းက ခုလို ပြောသွားပါတယ်။ “ကိုယ့်အတွက် ထူးခြားတာလေး တစ်ခုက ကိုယ်တွေအရင်တည်းက ကြွေခဲ့ရတဲ့ ဘဲကြီး တွေ ပါလာတာ ဂုဏ်ယူတာပေါ့နော်။ ပွဲများတာ နည်းတာ အကိုတို့နဲ့ သိပ်မဆိုင်ဘူး။ သူများတွေတော့ မသိဘူး။ အကိုကတော့ အဲ့ဒါတွေ ခေါင်းထဲ မရှိဘူး။ ပွဲခေါ်ရင် ကိုယ်ဆိုချင်ရင် ဆိုလိုက်တာပဲ။ လာရောက်အားပေးတဲ့ ညီအစ်ကိုတွေ မောင်နှမတွေ […]

Continue Reading

ရွှေထူးနဲ့ရွှေမှုံရတီတို့ကို ကလေးမယူစေချင်သေးတဲ့ ရွှေမှုံရတီ့အမေ

ပရိသတ်အားပေးလက်ခံမှုကို အများအပြားရရှိထားတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ လင်မယားနှစ်ဦးဟာ မြန်မာနိုင်ငံမှာ လူအများ အားကျရတဲ့ စုံတွဲတစ်တွဲဖြစ်ပြီး သူတို့ရဲ့ ဘဝတွေကို အေးချမ်းစွာဖြတ်သန်းနေပြီး ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်တစ်ခုကို ဖန်တီးနေကြပါတယ်။ ရွှေမှုံရတီရဲ့ မိခင်ဖြစ်သူ ဒေါ်မော်မော်ခိုင်ကတော့ သူတို့နှစ်ဦးအနေနဲ့ ကလေးယူဖို့စောနေသေးတယ်လို့ ပြောဆိုခဲ့ပြီး နောက် ၄ နှစ်၅နှစ်လောက် ယူကြပါလို့ 8days ရဲ့အင်တာဗျူးတစ်ခုမှာ ပြောသွားခဲ့ပါတယ်။ ဒေါ်မော်မော်ခိုင်က “ဘာမှစီမံစရာမလိုပါဘူး သမီး သူ့ဘာသာ လုပ်သွားတာအကုန်လုံးက။ အန်တီကတော့ အနောက်ကနေပဲ လိုက်ပေးလိုက်တော့တယ်။ အရင်နှစ်တွေတုန်းကတော့ ကိုယ်ပဲ ပင်ပန်းခဲ့ရတာ ဒီနှစ်တော့ သူ့အိမ်ထောင်နဲ့ သူဆိုတော့ သူတို့ကြိုက်တဲ့ဟာလေးပေါ့ ညတုန်းကတော့ မိသားစုတွေ အားလုံးပဲ စားကြသောက်ကြပေါ့ အိမ်မှာ မသားစုတွေ ပျော်ပျော်ရွှင်ရွှင်နဲ့နေတယ်။ ဒီမနက်တော့ ဘုန်းကြီးကျောင်းကို လာပြီးတော့ ဆရာတော်ကြီးကို ဆွမ်းကပ်မယ် […]

Continue Reading

ပြန်ကျားဖို့ အစီအစဉ်မရှိဘူးဆိုတဲ့ အောင်ကိုမိုး

ယခုနောက်ပိုင်း Online ပေါ်မှာ လူသိများလာတဲ့ Model Stylist ဖြစ်တဲ့ အောင်ကိုမိုးကိုတော့ သတိထားမိကြမှာပါ။ ယောကျာ်းလေးဖြစ်နေပေမယ့်လည်း မိန်းကလေးစိတ်ဖြစ်ပေါ်နေတာကြောင့် သူ့ကို နှမြောကြတဲ့ ပရိသတ်တွေလည်း အများကြီး ရှိလို့နေပါတယ်။ အောင်ကိုမိုးကတော့ သူ့အနေနဲ့ ယောကျာ်းလေးပုံစံကို ကြိုက်ပေမယ့်လည်း တကယ့်ယောကျာ်းအစစ်လို နေဖို့ အစီအစဉ်မရှိတော့ကြောင်း ပြောကြားလာခဲ့ပါတယ်။ အောင်ကိုမိုးကတော့ 8 Day နဲ့ အင်တာဗျုးမှာတော့ ၂၀၁၉ မှာဘာတွေ ထူးထူးခြားခြား လုပ်ဖို့ရှိလဲဆိုတဲ့ အပေါ် “၂၀၁၉ မှာဆို ရုပ်ရှင်ဇာတ်လမ်းတွဲ စလုပ်နေပါပြီ။ ၂ လလောက်တော့ကြာပါမယ်။ Stylist လောကမှာလည်း နေရာတခုလောက်တော့ ရလာပြီလို့ ကျွန်တော်ထင်ပါတယ်။ လိုင်းပေါ်မှာလည်း သိတဲ့သူများလာတော့ နာမည်လေး တခုတော့ ရလာပြီလို့ ထင်ပါတယ်” ၂၀၁၉ မှာ ဘယ်လိုဖက်ရှင်မျိုး ခေတ်စားမယ်လို့ […]

Continue Reading

အမိမြေ သတင်းအဖွဲ့အမည်ခံ ငွေအလှူခံသူ ၈ ဦးကို ဖမ်းဆီး

အမိမြေ သတင်းအဖွဲ့အမည်ခံ ငွေအလှူခံသူ ၈ ဦးကို ဖမ်းဆီး မန္တလေး၊ မေ ၂၀ မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်အတွင်း အမိမြေ သတင်းအဖွဲ့ အမည်ဖြင့် ငွေကြေးအလှူခံသူ ၈ ဦးကို မေလ ၁၉ ရက်နေ့က ဖမ်းဆီးကာ အမှုဖွင့်ထားကြောင်း ပုသိမ်ကြီးမြို့မရဲစခန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ အမိမြေသတင်းအဖွဲ့ဟုဆိုကာ ကန်ကောက်ရပ်ကွက်အတွင်းရှိ နေအိမ်တစ်အိမ်သို့ စာရွက်စာတမ်းအတုများဖြင့် အလှူခံနေစဉ် အိမ်ရှင်၏ တိုင်တန်းမှုကြောင်း ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ ” ကျွန်တော်တို့ဘက်ကို မကြာခဏ လာတတ်တယ်။ ဘာသာရေးနဲ့ နွယ်တဲ့ အလှူခံမျိုးလည်း လာတယ်။ အခု သတင်းမီဒီယာအမည်ခံပြီးတော့ ထပ်လာတယ်။ လာတဲ့သူတွေက သူတို့ချည်းပဲ။ လူကြီးဧည့်ခံဖို့အတွက် စားပွဲတစ်ဝိုင်းစာ နှစ်သိန်းနှုန်းနဲ့ သုံးဝိုင်းစာ လှူရမယ်လို့ ပြောတယ်။ ကျွန်တော်က […]

Continue Reading

ဧရာဝတီတိုင်းဒေသကြီးအတွင်း မိုးကြိုးပစ်ခတ်မှုကြောင့် ကလေး(၃)ဦးနှင့် နွားတစ်ကောင်သေဆုံး

ဧရာဝတီတိုင်းဒေသကြီးအတွင်း မိုးကြိုးပစ်ခတ်မှုကြောင့် ကလေး(၃)ဦးနှင့် နွားတစ်ကောင်သေဆုံး ၂၀၁၉ ခုနှစ်၊ မေလ ၁၉ ရက် ညနေ ၅ နာရီ ၃၀ မိနစ်အချိန်မိုးရွာသွန်းပြီး မိုးကြိုးပစ်ခတ်မှုကြောင့် ဇလွန်မြို့နယ် စပယ်ကုန်းကျေးရွာနေ မကြယ်စင်ချို (၁၂) နှစ်ပါ ကလေး ၃ ဦး(ကျား ၂၊ မ ၁) သည် ဦးချိုလေး၏ နေအိမ်တံစက်မြိတ်အောက်၌ မိုးရေချိုးနေစဉ် မိုးကြိုးထိမှန်ကာ ခန္ဓာကိုယ်ညိုမဲ ဒဏ်ရာများဖြင့်သေဆုံးခဲ့သဖြင့် ကော့ကပ်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ကော့ကပ်နယ်မြေရဲစခန်း သေမှုသေခင်းအမှတ်စဉ်(၂/၂၀၁၉)ဖြင့် ရေးဖွင့်စစ်ဆေးလျက်ရှိကြောင်းသိရှိရသည်။ အလားတူ မေလ ၁၉ ရက် ည ၉ နာရီ ၃၀ မိနစ်မှ ည ၁၀ နာရီအချိန်ထိ မိုးသက်လေပြင်းတိုက်ခတ်ပြီးမိုးကြိုးပစ်မှုကြောင့် ကျုံပျော်မြို့နယ် အထောင်မြို့၌ နွား ၁ […]

Continue Reading

အသက်သခင်ဖြစ်တဲ့ လေယာဉ်မှူးကြီး ကိုယ်တိုင်အိမ်ထိ သတင်းလာမေးလို့ နေမကောင်းသက်သာသွားခဲ့ရတယ် ဆိုတဲ့ နေမင်း

လွန်ခဲ့တဲ့ ရက်တပတ်က မြန်မာ့လေကြောင်းလိုင်းရဲ့ လေယာဉ်စက်ချို့ယွင်းမှုကြောင့် လေယာဉ်တစ်စီး လုံးပျက်ကျမည်အရေးကနေ ကပ္ပတိန်ဖြစ်သူ လေယာဉ်မှုးကြီးရဲ့ ကျွမ်းကျင်သော ကြိုးစားအားထုတ်မှုကြောင့် လေယာဉ်ပေါ်က ခရီးသည်များအားလုံး အထိအခိုက်မရှိ အသက်ရှင်နိုင်ခဲ့တာဖြစ်ပြီး ခရီးသည်များထဲမှာ သရုပ်ဆောင်မင်းသား တစ်ယောက်ဖြစ်တဲ့ နေမင်းလည်း အပါအ၀င်ဖြစ်ခဲ့တာဖြစ်ပါတယ်။ အသက်သခင်ဖြစ်တဲ့ မြန်မာ့လေကြောင်းလိုင်းရဲ့ လေယာဉ်မှူးကြီး ကပ္ပတိန် ဦးမြတ်မိုးအောင် ကို ကျေးဇူးဆပ်တဲ့ အနေနဲ့ သူကိုယ်တိုင် ဆုရရှိခဲ့တဲ့ ရွှေတံဆိပ်ပြားလေးကို ကျေးဇူးဆပ်တဲ့ အနေနဲ့ သာမက ဂုဏ်ပြုချီးမြင့်မယ်လို့ ပြောကြားခဲ့တာဖြစ်ပြီး တကယ့်အမှတ်တရ ဂုဏ်ပြုပွဲမှာတော့ နေမင်းတစ်ယောက် နေမကောင်းဖြစ်ကာ အိပ်ယာထဲလဲနေရတာမို့ ပွဲကို တက်ရောက်နိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ ဂုဏ်ပြုပွဲ ပွဲမတက်နိုင်တဲ့ အပေါ် စိတ်မကောင်းဖြစ်မိသလို ကိုယ်တိုင်ဂုဏ်ပြုဆုချီးမြင်ချင်တဲ့ ရွှေတံဆိပ်ပြားလေးကို လူကြုံနဲ့ ထည့်ပေးလိုက်ရကာ အိမ်မှာ အိပ်နေရင်းက အမေဖြစ်သူက ရုတ်တရက် […]

Continue Reading

ဘာစံချိန်စံညွှန်းနဲ့ရွေးလည်းမသိဘူးဆိုတဲ့ The Voice ပြိုင်ပွဲဝင် ခွန်းဝတီပြည့်

The Voice Myanmar Season 2 ရဲ့ အရှိန်မြင်ဆုံးအပိုင်းဖြစ်တဲ့ Battle Round မှာ ပရိသတ်တွေရဲ့ အကြိုက်သီဆိုနိုင်ခဲ့ပေမယ့် ပြိုင်ပွဲမှာ ဆက်လက်ယှဉ်ပြိုင်ခွင့်မရှိတော့တဲ့သူတွေလည်းရှိပါတယ်။ ဒါပေမယ့် အဲ့ဒီအဆင့်ကိုကျော်လွန်နိုင်ခဲ့ပေမယ့် Knock out Round မှာ ပြိုင်ပွဲကနေထွက်ခွာခဲ့ရတဲ့ ခွန်းဝတီပြည့်ကို အားလုံးပဲသိကြပြီးဖြစ်မှာပါ ။ ခွန်းဝတီပြည့်ကတော့ အခုမှအဆိုပြိုင်ပွဲကိုပထမဆုံးဝင်ရောက်ယှဉ်ပြိုင်တာမဟုတ်ပါဘူး ။ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်ကလည်း Melody World မှာ လည်းဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါသေးတယ်။ အခုကျနော်တို့ပြောချင်လွန်းလို့ပရိသတ်တွေကို တင်ဆက်ပေးချင်တာကတော့ ခွန်းဝတီပြည့်က8 Days နဲ့မီဒီယာမှာပြောပြသွားတဲ့အကြောင်းတွေကို ပြန်ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ ခွန်းဝတီပြည့်က “ The Voice ကို Season 1 တုန်းကကြည့်ဖြစ်တယ်။ တချို့သူငယ်ချင်းတွေက ပါကြတယ်။ ပြည့်ကလည်း ပြိုင်ချင်တာပေါ့ အဲ့ဒီနှစ်တုန်းကလည်း ပြည့်မသိလိုက်ဖူးလေ မသိလိုက်တော့ […]

Continue Reading